Synopsis
ဒီတခါ Gold Channel ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးမှာကတော့ Pretty Noona ဆိုပြီး နာမည်ကြီးနေတဲ့ မင်းသမီး ဆုန်းရီဂျင်းရဲ့ ဇာတ်ကားကောင်းလေးတကားဖြစ်ပါတယ်။ဒီဇာတ်ကားက ဂျပန် ၀ထ္တုကိုအခြေခံထားပြီး တွဲဖက်မင်းသား ဆိုဂျီဆတ်နဲ့ ၂၀၁၀ ခုနှစ်က “Delicious Proposal” ဇာတ်ကားပြီးရင် ၁၇ နှစ်ကြာမှ ပြန်လည်လက်တွဲရိုက်ကူးခဲ့တဲ့ကားဖြစ်ပါတယ်။
ဇာတ်ကားအကျဉ်းလေးကတော့ သေဆုံးသွားပြီးနောက် တနှစ်အကြာ မိုးရာသီရောက်ရင်ပြန်လာမယ်ဆိုပြီး သားနဲ့ ခင်ပွန်းကို ကတိထားခဲ့တဲ့ အင်ဆူဟာ (ဆုန်းရီဂျင်း)
ဇနီးမရှိတဲ့အချိန်မှာသားလေးကို အကောင်းဆုံးပြုစုပျိုးထောင်နေတဲ့ ဂျောင်းဝူဂျင်း (ဆိုဂျီဆတ်) … မိုးစရွာတဲ့တနေ့မှာ မိခင်ဖြစ်သူက တကယ်ပြန်ရောက်လာတဲ့အခါ…..
ဘာတွေဖြစ်ကြမလဲ…. မိုးရွာသီကုန်သွားရင်ကော ဘာတွေဆက်ဖြစ်ကြမလဲ…. စိတ်ဝင်စားစရာ ဇာတ်ကားတကားဖြစ်ပါတယ်……
No comments:
Post a Comment